dcsimg

ခရမ်းချဉ်ပင် ( Burmese )

provided by wikipedia emerging languages

ခရမ်းချဉ်၏ မူလပေါက်ရောက်ရာဒေသမှ အမေရိကတိုက် ရှိ ပူပြင်းစိုစွတ်သောအပိုင်း ဖြစ်သည်။ ၁၆ ရာစုဆန်းစအချိန် တွင် ဥရောပတိုက်သို့ ခရမ်းချဉ်ပင် ရောက်လာသည်။ ယခု အခါ၌ ကမ္ဘာပေါ်တွင် အပူပိုင်းအရပ်များနှင့် သမပိုင်းအရပ်များ ၌ ခရမ်းချဉ်ပင်ကို ဟင်းသီးဟင်းရွက်ပင်အဖြစ်ဖြင့် စိုက်ပျိုး လျက် ရှိကြသည်။

ခရမ်းချဉ်ပင်သည် အသင့်အတင့် ပူနွေးသောရာသီဥတု တွင် ပေါက်ပွားသဖြင့် ရာသီဥတု အေးမြသော ဗြိတိသျှကျွန်း နှင့် ဥရောပတိုက်မြောက်ပိုင်းဒေသများ၌ မှန်အမိုးအကာများ အတွင်းတွင် ထိုခရမ်းချဉ်ပင်ကို အပူငွေ့ပေး၍ စိုက်ပျိုးကြ သည်။ အမေရိကတိုက်တွင်လည်း ဆောင်းရာသီ၌ ခရမ်းချဉ် ပင်ကို မှန်အမိုးအကာများအတွင်းတွင် စိုက်ပျိုးလေ့ရှိသည်။ သို့ရာတွင် အကာအကွယ်တစ်စုံတစ်ရာမရှိဘဲ အပြင်ဖက် မြေယာများ၌ စိုက်ပျိုးနိုင်သော ခရမ်းချဉ်မျိုးလည်း ရှိသေးသည်။ အသီး၏ အရွက်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးကို လိုက်၍ ခရမ်းချဉ်ပင်မှာ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အကိုင်းအခက်ပေါများ၍ အသီးများသီးသည့်အခါ အကိုင်းများ မြေသို့ ညွတ်ကျနေတတ် သည်။ ခရမ်းချဉ်ရွက်များတွင် အမွေးအမှင်ကလေးများရှိ၍ အနံ့ဆိုးရွားသည်။ အပွင့်မှာ ဝါသည်။ အသီးများ၏ အတွင်းသားမှာ ပျော့အိအိဖြစ်လျက် အစေ့ဝါကလေးများ ပြည့်နှက် နေသည်။

ခရမ်းချဉ်ပင်သည် အဆိပ်အတောက်ရှိသော အပင်မျိုးနွယ် ထဲမှ ဖြစ်ခြင်းကြောင့် ၁၉ ရာစုမတိုင်မီက လူတို့သည် ခရမ်း ချဉ်သီးများကို မစားသုံးခဲ့ကြချေ။ သို့ရာတွင် ယခုအခါ၌ ခရမ်း ချဉ်သီးကို အသုံးများလာကြသည်။ ခရမ်းချဉ်သီးအမှည့်များကို အစိမ်းလိုက်ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ၊ စားသုံးကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင် ခရမ်းချဉ်ကို အနှံ့အပြား စိုက်ပျိုးကြလေသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ပုဇွန်ခြောက် ကို ဟင်းခတ်အဖြစ်ဖြင့် အသုံးချသကဲ့သို့ အထက်ပိုင်း၌ ခရမ်း ချဉ်သီးကို ဟင်းခတ်အဖြစ် တွင်တွင်ကြီး အသုံးပြုကြသည်။ အနောက်နိုင်ငံများ၌ ခရမ်းချဉ်သီးမှည့်ကို အလုံးလိုက်သော် လည်းကောင်း၊ အရည်အဖြစ်သော်လည်းကောင်း၊ စည်များ ပုလင်းငယ်များတွင် ထည့်သွင်းရောင်းချကြသည်။ ချဉ်ရည်အမျိုး မျိုးကိုလည်း ခရမ်းချဉ်သီးမှည့်များမှ ပြုလုပ်ကြသည်။ အထူး သဖြင့် ဟင်းရွက်စိမ်းလက်သုတ်တွင် ခရမ်းချဉ်သီးကို အသုံး များကြသည်။

ခရမ်းချဉ်သီးမှည့်များသည် ပုပ်ပျက်ရိယော်လွယ်သဖြင့် ၃ ရက်တစ်ခါ ဖြစ်စေ၊ ၄ ရက်တစ်ခါဖြစ်စေ၊ အသီးမှည့်များကို ဆွတ်ခူးရသည်။ ရပ်ဝေးသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အသီးစိမ်းအရင့်များကိုသာ ဆွတ်ခူးတတ်ကြသည်။ ခရမ်း ချဉ်သီးသည် မြန်မာဟင်းအမျိုးမျိုး ချက်ရာ၌ အသုံးဝင်သဖြင့် 'ဟင်းလိမ်မာသီး' ဟုလည်း ခေါ်ဝေါ်ကြသည်။ ခရမ်းချဉ်သီးကို ရုက္ခဗေဒအရ လိုင်ကိုပါစီကမ် အက် စကျူလင်တမ်ဟု ခေါ်သည်။ ယင်းနှင့် မျိုးချင်းနွယ်သော ဆိုလာနမ် ဖာရောကိုဆင်ခရမ်း၊ ဆိုလာနမ် ထရီလိုဗတမ်ကို မြေပုံခရမ်း၊ ဆိုလာနမ်တော်ဗမ်ကို ခရမ်းချဉ်၊ မြေပစ်ခရမ်း မြပစ်ခရမ်း၊ ဟူ၍ မြန်မာတို့က ခေါ်ကြသည်။ [၂]

ကိုးကား

  1. "Molecular phylogenetic analyses have established that the formerly segregate genera Lycopersicon, Cyphomandra, Normania, and Triguera are nested within Solanum, and all species of these four genera have been transferred to Solanum." See: Natural History Museum, Solanaceae Source: Phylogeny of the genus Solanum.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ခရမ်းချဉ်ပင်: Brief Summary ( Burmese )

provided by wikipedia emerging languages

ခရမ်းချဉ်၏ မူလပေါက်ရောက်ရာဒေသမှ အမေရိကတိုက် ရှိ ပူပြင်းစိုစွတ်သောအပိုင်း ဖြစ်သည်။ ၁၆ ရာစုဆန်းစအချိန် တွင် ဥရောပတိုက်သို့ ခရမ်းချဉ်ပင် ရောက်လာသည်။ ယခု အခါ၌ ကမ္ဘာပေါ်တွင် အပူပိုင်းအရပ်များနှင့် သမပိုင်းအရပ်များ ၌ ခရမ်းချဉ်ပင်ကို ဟင်းသီးဟင်းရွက်ပင်အဖြစ်ဖြင့် စိုက်ပျိုး လျက် ရှိကြသည်။

ခရမ်းချဉ်ပင်သည် အသင့်အတင့် ပူနွေးသောရာသီဥတု တွင် ပေါက်ပွားသဖြင့် ရာသီဥတု အေးမြသော ဗြိတိသျှကျွန်း နှင့် ဥရောပတိုက်မြောက်ပိုင်းဒေသများ၌ မှန်အမိုးအကာများ အတွင်းတွင် ထိုခရမ်းချဉ်ပင်ကို အပူငွေ့ပေး၍ စိုက်ပျိုးကြ သည်။ အမေရိကတိုက်တွင်လည်း ဆောင်းရာသီ၌ ခရမ်းချဉ် ပင်ကို မှန်အမိုးအကာများအတွင်းတွင် စိုက်ပျိုးလေ့ရှိသည်။ သို့ရာတွင် အကာအကွယ်တစ်စုံတစ်ရာမရှိဘဲ အပြင်ဖက် မြေယာများ၌ စိုက်ပျိုးနိုင်သော ခရမ်းချဉ်မျိုးလည်း ရှိသေးသည်။ အသီး၏ အရွက်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးကို လိုက်၍ ခရမ်းချဉ်ပင်မှာ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အကိုင်းအခက်ပေါများ၍ အသီးများသီးသည့်အခါ အကိုင်းများ မြေသို့ ညွတ်ကျနေတတ် သည်။ ခရမ်းချဉ်ရွက်များတွင် အမွေးအမှင်ကလေးများရှိ၍ အနံ့ဆိုးရွားသည်။ အပွင့်မှာ ဝါသည်။ အသီးများ၏ အတွင်းသားမှာ ပျော့အိအိဖြစ်လျက် အစေ့ဝါကလေးများ ပြည့်နှက် နေသည်။

ခရမ်းချဉ်ပင်သည် အဆိပ်အတောက်ရှိသော အပင်မျိုးနွယ် ထဲမှ ဖြစ်ခြင်းကြောင့် ၁၉ ရာစုမတိုင်မီက လူတို့သည် ခရမ်း ချဉ်သီးများကို မစားသုံးခဲ့ကြချေ။ သို့ရာတွင် ယခုအခါ၌ ခရမ်း ချဉ်သီးကို အသုံးများလာကြသည်။ ခရမ်းချဉ်သီးအမှည့်များကို အစိမ်းလိုက်ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ၊ စားသုံးကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင် ခရမ်းချဉ်ကို အနှံ့အပြား စိုက်ပျိုးကြလေသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ပုဇွန်ခြောက် ကို ဟင်းခတ်အဖြစ်ဖြင့် အသုံးချသကဲ့သို့ အထက်ပိုင်း၌ ခရမ်း ချဉ်သီးကို ဟင်းခတ်အဖြစ် တွင်တွင်ကြီး အသုံးပြုကြသည်။ အနောက်နိုင်ငံများ၌ ခရမ်းချဉ်သီးမှည့်ကို အလုံးလိုက်သော် လည်းကောင်း၊ အရည်အဖြစ်သော်လည်းကောင်း၊ စည်များ ပုလင်းငယ်များတွင် ထည့်သွင်းရောင်းချကြသည်။ ချဉ်ရည်အမျိုး မျိုးကိုလည်း ခရမ်းချဉ်သီးမှည့်များမှ ပြုလုပ်ကြသည်။ အထူး သဖြင့် ဟင်းရွက်စိမ်းလက်သုတ်တွင် ခရမ်းချဉ်သီးကို အသုံး များကြသည်။

ခရမ်းချဉ်သီးမှည့်များသည် ပုပ်ပျက်ရိယော်လွယ်သဖြင့် ၃ ရက်တစ်ခါ ဖြစ်စေ၊ ၄ ရက်တစ်ခါဖြစ်စေ၊ အသီးမှည့်များကို ဆွတ်ခူးရသည်။ ရပ်ဝေးသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အသီးစိမ်းအရင့်များကိုသာ ဆွတ်ခူးတတ်ကြသည်။ ခရမ်း ချဉ်သီးသည် မြန်မာဟင်းအမျိုးမျိုး ချက်ရာ၌ အသုံးဝင်သဖြင့် 'ဟင်းလိမ်မာသီး' ဟုလည်း ခေါ်ဝေါ်ကြသည်။ ခရမ်းချဉ်သီးကို ရုက္ခဗေဒအရ လိုင်ကိုပါစီကမ် အက် စကျူလင်တမ်ဟု ခေါ်သည်။ ယင်းနှင့် မျိုးချင်းနွယ်သော ဆိုလာနမ် ဖာရောကိုဆင်ခရမ်း၊ ဆိုလာနမ် ထရီလိုဗတမ်ကို မြေပုံခရမ်း၊ ဆိုလာနမ်တော်ဗမ်ကို ခရမ်းချဉ်၊ မြေပစ်ခရမ်း မြပစ်ခရမ်း၊ ဟူ၍ မြန်မာတို့က ခေါ်ကြသည်။