dcsimg
Imagem de Cydonia
Life » » Archaeplastida » » Angiosperms » » Rosaceae »

Marmeleiro

Cydonia oblonga Mill.

ချဉ်စော်ကားသီး ( Birmanês )

fornecido por wikipedia emerging languages
 src=
ချဉ်စော်ကားပင်

ချဉ်စော်ကားသီး၏ အရပ်အမည်မှာ Quince ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cydonia oblonga ဖြစ်သည်။ နွေးသမရာသီဥတုရှိသော အာရှတိုက် အနောက်တောင်ပိုင်းဒေသများဖြစ်သော ဥရောပတိုက်နှင့် အာရှတိုက်နယ်ကြားဒေသများသည် ချဉ်စော်ကားသီး၏ဇာတိနေရာဖြစ်သည်။ အပင်မှာ ငယ်ပြီး ရာသီအလိုက်အရွက်ကြွေမျိုးဖြစ်သည်။ အပင်သည် ၅မီတာမှ ၈ မီတာအတွင်း မြင့်ပြီး ၄မီတာမှ ၆ မီတာအထိ အဝန်းကျယ်သည်။ အသီးမှာ ပန်းသီး၊ သစ်တော်သီးများနှင့်ဆင်တူသည်။ အသီးရင့်မှည့်သောအခါတွင် အဝါရင့်ရောင်တောက်တောက်ဖြစ်သည်။ အသီးသည် ရင့်မှည့်ချိန်တွင် ၇စင်တီမီတာမှ ၁၂ စင်တီမီတာအတွင်းရှည်လျားပြီး ၆ စင်တီမီတာမှ ၉ စင်တီမီတာထိ ကျယ်သည်။

အသီးမရင့်မှည့်မီတွင် အစိမ်းရောင်ရှိပြီး အဖြူရောင်သမ်းသော မီးခိုးရောင်အမွှေးနုလေးများ ပါရှိသည်။ ဆောင်းဦးကုန်တွင် အသီးရင့်မှည့်လာပြီးနောက် အမွေးနုများမရှိတော့ဘဲ အသီးမှာ အဝါရောင်ပြောင်းကာ မာကျောသည်။ မွှေးမြသောအသားရှိသည်။ အရွက်များသည် အစိမ်းရောင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၁ စင်တီမီတာအထိ ရှည်လျားသည်။ အရွက်တွင် အမွေးနုလေးများပါရှိသည်။ နွေဦးပေါက်ရာသီတွင် အရွက်နု အသစ်များထွက်ပေါ်လာပြီးနောက် အဖြူရောင် (သို့မဟုတ်) ပန်းရောင်ရှိသော အပွင့်များပွင့်လာကြသည်။ ပန်းပွင့်သည် ပွင့်ဖတ် ၅ခုပါရှိပြီး ၅ စင်တီမီတာဗြက်ကျယ်သည်။

အသီးစားအပင်ဖြစ်သည်။ ချဉ်စော်ကားသီးပင်၏ မျိုးစိတ် Cydonia ၏ မျိုးကွဲများမှာ တရုတ်နိုင်ငံ ဇာတိဖြစ်သော Chinese Quince (Pseudocydonia sinensis) နှင့် အာရှတိုက်အရှေ့ဘက်ပိုင်းဇာတိဖြစ်ကြသော ပန်းပွင့်သောအပင်မျိုး ၃မျိုးတို့ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် တူရကီနိုင်ငံမှာ တစ်ကမ္ဘာလုံး ထုတ်လုပ်သော ချဉ်စော်ကားသီး၏ ၄ ပုံ ၁ ပုံကိုထုတ်လုပ်နိုင်ပြီး ချဉ်စော်ကားသီး ထုတ်လုပ်နိုင်မှု အမြင့်မားဆုံးတိုင်းပြည်ဖြစ်သည်။ ချဉ်စော်ကားသီးအပင်မှာ ရေခဲသည့်ဒေသများတွင်လည်း ခံနိုင်ရည်ရှိပြီး ၇ ဒီဂရီထက်နည်းသော ရာသီဥတုတွင်သာ ပန်းကောင်းကောင်းပွင့်နိင်သည်။ အပင်မှာ အစေ့မှ ကိုယ်တိုင်မျိုးပွားနိုင်သည်။ ကိုင်းဖြတ်ဆက်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အသီးရင့်မှည့်လာလျှင် အသားမှာ ပျော့ပြောင်းသွားသော်လည်း အသီးကို မမှည့်မီ နှင်းမကျမီ ပူနွေးသည့် ရာသီတွင် ခူးဆွတ်စားသုံးရန်သာအကောင်းဆုံးဖြစ်သည်။ ချဉ်စော်ကားသီး၏ အသားမှာ များသောအားဖြင့်မာကျောသောကြောင့် သစ်သီးယိုပြုလုပ်စားသုံးကြသည်။ ချဉ်စော်ကားသီးကို အချိန်ကြာမြင့်စွာ ချက်လိုက်လျှင် အနီရောင်သို့ပြောင်းသွားသည်။

မြန်မာနိုင်ငံတွင် အေးသည့်ရာသီဥတုရှိသော တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။ ချဉ်စော်ကားသီးကို ငရုတ်သီးမှုန့်၊ ငံပြာရည်တို့ဖြင့်ရောနယ်ကာ အချဉ်ထုပ်၊ အချဉ်ပေါင်း အဖြစ်စားသုံးကြသည်။ ချဉ်စော်ကားသီးအခြောက်ကို ငရုတ်သီးစိမ်းဖြင့်ရောချက်ကာ ချဉ်စပ်ဟင်းရည်အဖြစ်စားသုံးကြသည်။

ကိုးကား

licença
cc-by-sa-3.0
direitos autorais
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ
original
visite a fonte
site do parceiro
wikipedia emerging languages

ချဉ်စော်ကားသီး: Brief Summary ( Birmanês )

fornecido por wikipedia emerging languages
 src= ချဉ်စော်ကားပင်