ပုံသဏ္ဌာန် : အပင် - ၂ ပေမှ ၃ ပေအထိမြင့်၏ ။ တစ်နှစ်ခံ ပင်ငယ်မျိုးဖြစ်သည်။
အရွက် : - ရွက်ပေါင်းဖြစ်၏ ။ ရွက်မြွာငယ်သည်။ အလွန်နူးညံ့၏ ။ ထိပ်ဖျား အခွလေးများ ရှိ၏ ။
အပွင့် : - သေးငယ်၏ ။ အနည်းငယ် ဝါ၏ ။ ထီးပုံသဏ္ဌာန် ပန်းခိုင်ပေါ်တွင် ပွင့်၏ ။
အသီး : - သေးငယ်၏ ။ အစေ့သည် တရုတ်နံနံ စေ့ အရွယ်ခန့်ရှိ၍ ညိုဝါရောင်ရှိသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။သဘာ၀အလျောက် ပေါက်ရောက်သည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
စိုက်စနစ် : ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်း ဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း တို့မှာ စမုန်စပါးအတိုင်း ဖြစ်သည် ။
အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ စမြိတ်သည် စပ်၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ လေသလိပ်ကို ငြိမ်းစေ၏ ။ အဖျား၊ အနာပေါက် ၊ ထိုးအောင့် ခြင်း ၊ မျက်စိရောဂါတို့၌ အကျိုးပြု၏ ။ သလိပ် ၊ သည်းခြေ သွေး လေတို့နှင့် ယှဉ်သော အနာ ၊ လေပူသောအနာနှင့် အော့အန်ခြင်း တို့ကို နိုင်၏ ။
အသုံးပြုပုံ- အစေ့
အရွက်