dcsimg

ရိုလိုဝေးမျောက် ( Burmese )

provided by wikipedia emerging languages

ရိုလိုဝေးမျောက်၏ သိပ္ပံအမည်မှာ စာကိုပီသီကပ်စ် ရိုလိုဝေး ဖြစ်သည်။ အပူပိုင်း အနောက်အာဖရိကဒေသတွင်သာ တွေ့ရသော မျိုးပြုန်းတီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသော ကမ္ဘာဟောင်းမျောက်တစ်မျိုး ဖြစ်သည်။ မူလက ဒိုင်ယာနာမျောက်၏ မျိုးစိတ်ခွဲအဖြစ် သတ်မှတ်ထားခဲ့သည်။

ပျံ့နှံ့တွေ့ရှိပုံနှင့် ကျက်စားရာသဘာဝပတ်ဝန်းကျင်

အိုင်ဗရီကို့စ်နိုင်ငံအရှေ့ပိုင်းနှင့် ဂါနာနိုင်ငံ၏ သစ်တောများတွင် ကောင်ရေအနည်းငယ်မျှသာ တွေ့ရသည်။ ဘူကီနာဖာဆိုနှင့် တိုဂိုနိုင်ငံတို့တွင်လည်း တွေ့ကောင်းတွေ့နိုင်သည်။ [၃] ကျောကုန်းမှ အမြီးအထိ အနက်ရောင် (သို့မဟုတ်) အညိုရောင်ရင့်ရင့် ဖြစ်သည်။ အမြီးမှာ ရှည်လျားသည်။ အသီးအရွက်များ၊ ပန်းပွင့်များကို စားသည်။ သစ်စေ့များကိုလည်း စားသည်။ မြင့်မားသောသစ်ပင်အမြင့်များ ပေါ်သို့ တက်ရောက်နိုင်စွမ်း ရှိသည်။

အပြုအမူနှင့် အလေ့စရိုက်

အစုအဖွဲ့နှင့်နေထိုင်လေ့ရှိကြသည်။ အုပ်စုတစ်ခုလျှင် အနည်းဆုံး ကောင်ရေ ၁၅ကောင်မှ အကောင် ၃၀ အထိ စုဖွဲ့နေတတ်ကြသည်။ မြင့်မားသော သစ်ပင်အကိုင်းအခက်များ၊ ထူထပ်သောမြက်ခင်းစပ်များတွင် အိပ်စက် တတ်ကြသည်။ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ် သားပေါက်လေ့ရှိကြပြီး မွေးဖွားရာတွင်လည်း ၁ကောင်မှ ၃ကောင်အထိ မွေးဖွားလေ့ရှိသည်။ မိခင်မျောက်မသည် ၅လခန့် သားလွယ်ရသည်။ မျောက်ကလေးများသည် မိဘများနှင့်အတူ ပူးပေါင်းနေလေ့ရှိသည်။ သဘာဝတောရိုင်းတွင် သက်တမ်း နှစ် ၂၀ ရှည်သည်။ အဖမ်းလှောင်ခံဘဝတွင် သက်တမ်း နှစ် ၃၀ အထိ ရှည်သည်။[၄]

ကိုးကား

  1. Koné, I.; Oates, J.F.; Dempsey, A.; Gonedelé Bi, S.; McGraw, S.; Wiafe, E. (2019). "Cercopithecus roloway". The IUCN Red List of Threatened Species. 2019: e.T4232A92384429.
  2. "Cecopithecus diana". Animal Diversity Web
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ရိုလိုဝေးမျောက်: Brief Summary ( Burmese )