dcsimg
Image of Alexandrian Laurel
Creatures » » Plants » » Dicotyledons » » Calophyllaceae »

Alexandrian Laurel

Calophyllum inophyllum L.

ပုန်းညက်ပင် ( Burmese )

provided by wikipedia emerging languages

ပုံသဏ္ဌာန် : အပင် - အပင် ငယ်မျိုး ဖြစ်သည်။ပင်စည် ကောက်ကွေ့ သည်။အခေါက် မီးခိုး ရောင်ရှိ ပြီး ချောမွတ် သည်။ အပင်မှ ပယင်းရောင် အစေး တစ်မျိုး ထွက်၏။ အရွက် - -- ရွက်ဆိုင် ထွက်သည်။ဘဲဥ ပုံသဏ္ဌာန် ရှိ၍ ရွက်ရင်း ဝိုင်းပြီး ရွက်ထိပ် ချိုင့်သည်။ အလျား ၄ လက်မ မှ ၈ လက်မ ထိ ရှည်၍ အနံ ၃ လက်မ မှ ၄ လက်မ ထိ ရှိသည်။ အရွက် မျက်နှာ နှစ်ဖက် စလုံး ပြောင်ချော ပြီး အပေါ် မျက်နှာပြင် တောက်ပသော အစိမ်းရောင် ရှိသည်။ထင်ရှား သော ရွက်ကြော များ များစွာ ဖြာလျက်ရှိသည်။ ရွက်ညှာ ၁/၂ လက်မ မှ ၁ ၁/၂ လက်မ အထိ ရှည်သည်။ အပွင့် - ပွင့်ခိုင် များသည် အကိုင်း ဖျားရှိ အရွက် ရင်းများမှ ထွက်သည်။ အပွင့် အဖြူရောင် ရှိ၍ ဖယောင်း စိမ်ထား သကဲ့သို့ ဖြစ်ပြီး ဝတ်ဆံ သည် အဝါရောင် ဖြစ်သည်။အနံ့ အလွန် မွှေး သည့် ပန်း ဖြစ်သည်။ပွင့်ဖတ် နှင့် ပွင့်ချပ် ၄ ခု စီ ရှိသည်။ ဝတ်ဆံ များစွာ ရှိ၍ အစု ၄ စု တွေ့ ရှိရသည်။ ဝတ်ဆံ အိမ်များ တဖြည်းဖြည်း အဝါရောင်မှ အညိုရောင် သို့ ပြောင်းသွား ကြသည်။ အသီး - အချင်း ၁ လက်မ ခန့် ရှိသည်။လုံးဝိုင်း သည်။ ချောမွတ် သည်။ပွင့်ဖတ် ကြွေစ၌ တောက်ပသော ပန်းရောင် ရှိပြီး အသီး ကြီးသွား သော အခါ အစိမ်းရောင် သမ်းသော အဝါရောင် သို့ ပြောင်းလဲ သွားသည်။ အစေ့ - ၎င်း အစေ့မှ အဆီ ထွက်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အခေါက်၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အောက်ပိုင်း ရှိ ဒေသ များတွင် ပေါက်ရောက် သည်။ အပူ ပိုင်းရာသီ ဥတု စွတ်စို သော ပင်လယ် ကမ်းခြေ ဒေသ မျိုး၌ ဖြစ်ထွန်း သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် အလေ့ကျ ပေါက်သည်။ အချို့ ဒေသ တွင် စိုက်ပျိုးသည်။ အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလို အရ ပုန်းညက် ပဉ္စ ငါးပါး သည် ချို၏။ အေး၏။ သည်းခြေ သလိပ် ကို ပယ်တတ်၏။ သွေးကို ချုပ်စေသည်။ ပုန်းညက် ပွင့်သည် သွေး၊ သည်းခြေ တို့ကို လည်းကောင်း၊ လေသလိပ် တို့ကို လည်းကောင်း ၊ မူးေ၀ သော အနာ ကို လည်းကောင်း၊ နား ၊ မျက်စိ၌ လေထွက်သော အနာ တို့ကို လည်းကောင်း ချမ်းသာ စေတတ်၏။ အသုံးပြုပုံ- အရွက် ၁။ အရွက်ကို ရေတွင် စိမ်၍ မျက်စဉ်း ခတ်ပေး လျှင် မျက်စိ ပူလောင် ခြင်း ပျောက်၏။ အခေါက် အခေါက် ပြုတ်ရည် သောက်ခြင်း ဖြင့် ဝမ်းသက် စေသည်။ ၂။အခေါက် ကို ပြုတ်၍ သောက်ပါက သွေးသွန် ခြင်း ပျောက်၏။ ၃။အခေါက် မှ ထုတ်ယူ ရရှိ သော အစေး ကို ဒဏ်ရာများ နှင့် အနာ များ အတွက် ဖော်စပ် သော ဆေးတွင် ထည့်သွင်း အသုံးပြုသည်။ အစေ့ ၁။ အစေ့ မှ အဆီ ထုတ်၍ အကြော အဆစ် ကိုက်ခဲ သော ရောဂါ၊ ညောင်းကျ ရောဂါ၊ နူနာ နှင့် အခြား အရေပြား ရောဂါ များအတွက် ဆေးဖော်စပ် သုံးသည်။[၁]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=12
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ပုန်းညက်ပင်: Brief Summary ( Burmese )

provided by wikipedia emerging languages

ပုံသဏ္ဌာန် : အပင် - အပင် ငယ်မျိုး ဖြစ်သည်။ပင်စည် ကောက်ကွေ့ သည်။အခေါက် မီးခိုး ရောင်ရှိ ပြီး ချောမွတ် သည်။ အပင်မှ ပယင်းရောင် အစေး တစ်မျိုး ထွက်၏။ အရွက် - -- ရွက်ဆိုင် ထွက်သည်။ဘဲဥ ပုံသဏ္ဌာန် ရှိ၍ ရွက်ရင်း ဝိုင်းပြီး ရွက်ထိပ် ချိုင့်သည်။ အလျား ၄ လက်မ မှ ၈ လက်မ ထိ ရှည်၍ အနံ ၃ လက်မ မှ ၄ လက်မ ထိ ရှိသည်။ အရွက် မျက်နှာ နှစ်ဖက် စလုံး ပြောင်ချော ပြီး အပေါ် မျက်နှာပြင် တောက်ပသော အစိမ်းရောင် ရှိသည်။ထင်ရှား သော ရွက်ကြော များ များစွာ ဖြာလျက်ရှိသည်။ ရွက်ညှာ ၁/၂ လက်မ မှ ၁ ၁/၂ လက်မ အထိ ရှည်သည်။ အပွင့် - ပွင့်ခိုင် များသည် အကိုင်း ဖျားရှိ အရွက် ရင်းများမှ ထွက်သည်။ အပွင့် အဖြူရောင် ရှိ၍ ဖယောင်း စိမ်ထား သကဲ့သို့ ဖြစ်ပြီး ဝတ်ဆံ သည် အဝါရောင် ဖြစ်သည်။အနံ့ အလွန် မွှေး သည့် ပန်း ဖြစ်သည်။ပွင့်ဖတ် နှင့် ပွင့်ချပ် ၄ ခု စီ ရှိသည်။ ဝတ်ဆံ များစွာ ရှိ၍ အစု ၄ စု တွေ့ ရှိရသည်။ ဝတ်ဆံ အိမ်များ တဖြည်းဖြည်း အဝါရောင်မှ အညိုရောင် သို့ ပြောင်းသွား ကြသည်။ အသီး - အချင်း ၁ လက်မ ခန့် ရှိသည်။လုံးဝိုင်း သည်။ ချောမွတ် သည်။ပွင့်ဖတ် ကြွေစ၌ တောက်ပသော ပန်းရောင် ရှိပြီး အသီး ကြီးသွား သော အခါ အစိမ်းရောင် သမ်းသော အဝါရောင် သို့ ပြောင်းလဲ သွားသည်။ အစေ့ - ၎င်း အစေ့မှ အဆီ ထွက်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အခေါက်၊ အစေ့။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အောက်ပိုင်း ရှိ ဒေသ များတွင် ပေါက်ရောက် သည်။ အပူ ပိုင်းရာသီ ဥတု စွတ်စို သော ပင်လယ် ကမ်းခြေ ဒေသ မျိုး၌ ဖြစ်ထွန်း သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် အလေ့ကျ ပေါက်သည်။ အချို့ ဒေသ တွင် စိုက်ပျိုးသည်။ အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလို အရ ပုန်းညက် ပဉ္စ ငါးပါး သည် ချို၏။ အေး၏။ သည်းခြေ သလိပ် ကို ပယ်တတ်၏။ သွေးကို ချုပ်စေသည်။ ပုန်းညက် ပွင့်သည် သွေး၊ သည်းခြေ တို့ကို လည်းကောင်း၊ လေသလိပ် တို့ကို လည်းကောင်း ၊ မူးေ၀ သော အနာ ကို လည်းကောင်း၊ နား ၊ မျက်စိ၌ လေထွက်သော အနာ တို့ကို လည်းကောင်း ချမ်းသာ စေတတ်၏။ အသုံးပြုပုံ- အရွက် ၁။ အရွက်ကို ရေတွင် စိမ်၍ မျက်စဉ်း ခတ်ပေး လျှင် မျက်စိ ပူလောင် ခြင်း ပျောက်၏။ အခေါက် အခေါက် ပြုတ်ရည် သောက်ခြင်း ဖြင့် ဝမ်းသက် စေသည်။ ၂။အခေါက် ကို ပြုတ်၍ သောက်ပါက သွေးသွန် ခြင်း ပျောက်၏။ ၃။အခေါက် မှ ထုတ်ယူ ရရှိ သော အစေး ကို ဒဏ်ရာများ နှင့် အနာ များ အတွက် ဖော်စပ် သော ဆေးတွင် ထည့်သွင်း အသုံးပြုသည်။ အစေ့ ၁။ အစေ့ မှ အဆီ ထုတ်၍ အကြော အဆစ် ကိုက်ခဲ သော ရောဂါ၊ ညောင်းကျ ရောဂါ၊ နူနာ နှင့် အခြား အရေပြား ရောဂါ များအတွက် ဆေးဖော်စပ် သုံးသည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ