ကော့ကော့ကြောင် (Kod Kod) ၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ဂွစ်နာ ဖြစ်သည်။အမေရိကတိုက်တွင် တွေ့ရသောကြောင်မျိုးရင်းဝင်များအနက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်သည်။ ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် လည်းကောင်း၊ ယင်းနှင့်တဆက်တစပ်တည်းရှိသော အာဂျင်တီးနားနိုင်ငံရှိ ဒေသများတွင်လည်းကောင်း တွေ့ရသည်။ [၂]
ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၁၆လက်မမှ ၂၁လက်မ အထိ ဖြစ်ပြီး အမြီးအရှည်မှာ ၇လက်မမှ ၉လက်မအထိ ဖြစ် သည်။ အရောင်အသွေးမှာ အညိုဖျော့ဖြစ်ပြီး အညိုရင့်ရောင် အစက်အပြောက်များ ကိုယ်ပေါ်တွင် အတန်း လိုက် တည်ရှိသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်သမ်းသည်။ အမြီးတွင် အမည်းကွင်းများ ရှိ သည်။[၃]
ကော့ကော့ကြောင်များကို တောင်အမေရိကတိုက်၊ ချီလီနိုင်ငံရှိ အင်ဒီးတောင်တန်း၏ သမပိုင်းမိုးသစ်တောများတွင် တွေ့ရသည်။ အောက်ခြေတွင် ဝါးပင်များ ပေါက်ရောက်နေသောတောအုပ်များတွင် အဓိက တွေ့ရသည်။ အာဂျင်တီးနားနိုင်ငံတွင်လည်း ယင်းတို့ကို တွေ့ရသည်။[၄]
သစ်ပင်တက်ကျွမ်းကျင်သော်လည်း မြေပေါ်တွင် အနေများသည်။ မြေကြွက်နှင့် ငှက်များ ကို ဖမ်းယူစားသောက်တတ်သည်။ လူတို့မွေးမြူသော ကြက်များကိုလည်း ဝင်ရောက်ဆွဲတတ်ပြီး ကြက်ဆွဲရန် တစ်ကောင်တည်းမလာဘဲ အုပ်စုလိုက်လာလေ့ရှိသည်ဟု ဆိုသည်။ တိရစ္ဆာန်ဥယျာဉ်များတွင် ကော့ကော့ ကြောင်၏ အရှည်ဆုံးသက်တမ်းမှာ ၁၁နှစ်ကျော် ဖြစ်သည်။ [၅]
ကော့ကော့ကြောင် (Kod Kod) ၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ဂွစ်နာ ဖြစ်သည်။အမေရိကတိုက်တွင် တွေ့ရသောကြောင်မျိုးရင်းဝင်များအနက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်သည်။ ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် လည်းကောင်း၊ ယင်းနှင့်တဆက်တစပ်တည်းရှိသော အာဂျင်တီးနားနိုင်ငံရှိ ဒေသများတွင်လည်းကောင်း တွေ့ရသည်။