မြန်မာနိုင်ငံရှိ ဥဩငှက်၏ အလျားမှာ ၁၇ လက်မ ရှိ၍ မျက်စိမှာကြက်သွေးရောင်ဖြစ်သဖြင့် ထူးခြားသည်။ ပျံရာ တွင် အမြီးရှည်ကြီးများနှင့် တို၍ဝိုင်းသော အတောင်များကိုမြင် နိုင်သည်။
ဥဩ၏အော်သံကို လူတိုင်းလိုပင် ကြားဖူးကြသည်။ သို့သော် ထိုငှက်ကို မြင်ဖူးသူကား နည်းသည်။ ထိုသို့ဖြစ်ရ သည်မှာ ဥဩသည် သစ်ပင်အမြင့်ကြီးများ၏ အရွက်များအကြား တွင် ခိုအောင်းနေလေ့ ရှိခြင်းကြောင့်ဖြစ်သည်။ ဥဩသည် ဥယျာဉ်များတွင်အနေများသော ငှက်ဖြစ်သည်။
ဥဩသံကိုကြားပြီးလျှင် နွေဥတုကျရောက်လာပြီဟု သိ ရသည်။ တစ်နေ့လုံးနှင့် တစ်ခါတစ်ရံတွင် ည၌ပင် အော်လေ့ရှိ သည်။ ဥဩအော်သောအချိန်သည် မိတ်လိုက်သောအချိန်ဖြစ်၍ အခြားအချိန်များတွင် ဆူညံစွာ အော်လေ့မရှိချေ။
များသောအားဖြင့် ဥဩငှက်သည် ကျီးကန်း၏အသိုက် များအတွင်း၌ ဥများကို အုလေ့ရှိသည်။ ကျီးကန်း၏ အသိုက် တစ်သိုက်အတွင်း၌ ဥဩဥ နှစ်ဥသို့မဟုတ် သုံးဥကို တွေ့ရလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် ရှစ်ဥအထိ အုထားသည်ကိုပင် တွေ့ ရတတ်သည်။ ဥဩ၏ဥသည် ကျီးကန်း၏ဥနှင့် တူသော်လည်း ကျီးကန်းဥလောက် မကြီးချေ။ အမွှေးအတောင်ပေါက်ပြီးသော ဥဩငှက်ငယ်များကို ဥဩငှက်မများက အစာကျွေးသည်ဟု ဆို သည်။ ထိုအဆိုသည် လွန်စွာထူးခြားလေသည်။
ဥဩသည် ကျီးကန်းရှိရာတွင် နေလေ့ရှိသောငှက်မျိုး ဖြစ်ပုံရသည်။ တစ်ရပ်မှတစ်ရပ်သို့လည်း ပြောင်းရွှေ့ကာ နေထိုင်ပုံရသည်။ အတိအကျကား မပြောနိုင်ချေ။ ဥဩကို တနင်္သာရီတိုင်းတွင် မတ်လမှ ဇူလိုင်လ အတွင်း ပေါများစွာတွေ့ရ၍ ဩဂုတ်လမှ နိုဝင်ဘာလအတွင်း မတွေ့ရချေ။ ဒီဇင်ဘာမှ ဖေဖေါ်ဝါရီအတွင်း ဥဩငှက်အနည်း ငယ်မျှကိုသာ တွေ့ရလေသည်။
ကမ္ဘာ့သိပ္ပံပညာရှင်များကမူ ဥဩဆိုသောအမည်သည် ဥရောပတိုက်ရှိလူသိများသော ငှက်မျိုးစိတ်အချို့၏ အော်သံကို အစွဲပြု၍ ထိုငှက်များကို ဥဩဟုခေါ်ခြင်းဖြစ်သည်ဟုဆိုသည်။ ကမ္ဘာ့အရှေ့လုံးခြမ်း အတွင်း၌ ငှက်မျိုးစိတ်ပေါင်း ၂ဝဝ ခန့်ရှိ သည်။ ထိုငှက်များ၏အရောင်မှာ ညိုမွဲမွဲဖြစ်သည်။ ဥရောပ တိုက်နှင့် အာရှတိုက်ရှိ ဥဩငှက်များ၏အရောင်မှာမူ လှပကြ သည်။ ဗြိတိန်နိုင်ငံသို့ ဥဩငှက်သည် နွေကူးရာသီစောစောပိုင်း တွင် ရောက်ရှိလာပြီးလျှင် များသောအားဖြင့် ဩဂုတ်လတွင် ထိုနိုင်ငံမှထွက်ခွာကြ၍ တောင်အာဖရိကတိုက်တွင် ဆောင်း ရာသီအတွင်း၌ နေထိုင်ကြသည်။
ဥဩသည် ဥကို အခြားငှက်များ၏အသိုက်များအတွင်း ၌ သွား၍အုလေ့ရှိသည်။ ထိုဥပေါက်သောအခါ ဥဩငှက် ကလေးသည် သူ့အားကျွေးမွေးစောင့်ရှောက်ထားသော ငှက်၏ဥ ကိုဖြစ်စေ၊ ငှက်ငယ်ကလေးကိုဖြစ်စေ အသိုက်မှအောက်သို့ ချ ပစ်လေ့ရှိသည်။ ထိုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးသော ငှက် ယူလာသမျှအစာကို တစ်ကောင်တည်းက စားနိုင်သဖြင့် မကြာမီ အတွင်း၌ပင် ငှက်ကြီးများထက်ကြီးထွားလာလေသည်။ ဥဩ ငှက် မျိုးစိတ်အချို့ကသာ အသိုက်များကို ကိုယ်တိုင်ပြုလုပ်ကြ သည်။
မြောက်အမေရိကတိုက်တွင် နှုတ်သီးမဲဥဩနှင့် နှုတ်သီး ဝါဥဩ ဟူ၍ ဥဩငှက်နှစ်မျိုးရှိသည်။ ထိုငှက်နှစ်မျိုးလုံးပင် လွန်စွာ ကြောက်ရွံ့တတ်ကြသည်။ သို့သော် ထိုငှက်များကို သူတို့၏အော်သံများဖြင့် သိရှိနိုင်ပေသည်။ ထိုဥဩများ၏ အရွယ်မှာ ကိုယ်ထည် တစ်ပေခန့်ရှည်၍ အမြီးလည်း ရှည်ပြီး လျှင် ဝိုင်းသည်။ အခြားငှက်များနှင့် ခြားနားချက်မှာ ထိုငှက် များ၏ ခြေချောင်းနှစ်ချောင်းသည် ရှေ့ဘက်သို့ ထွက်နေကြ၍ ကျန်နှစ်ချောင်းသည် နောက်ဘက်သို့ထွက်နေကြခြင်း ဖြစ်သည်။ ယင်းတို့၌ အတော်ရှည်၍ အနည်းငယ်ကောက်သော နှုတ်သီး များရှိကြသည်။ နှုတ်သီးမဲဥဩ၏ မျက်စိပတ်ဝန်းကျင်တွင် အနီရစ်များရှိ၍ နှုတ်သီးဝါဥဩ၏အမြီးတွင် ပို၍ကြီးမားသော အဖြူမှတ်များရှိကြသည်။
ထို ဥဩငှက်များ၏ အသိုက်များသည် မသပ်ရပ်ချေ။ တစ်မြုံတွင် နှစ်ဥမှ ခုနှစ်ဥအထိ တွေ့ရတတ်သည်။ ဥ၏ အရောင်မှာ စိမ်းပြာဖြစ်သည်။ ဥဩငှက် မကြာခဏအော်လျှင် မိုးရွာလေ့ရှိသည်ဟု အများကယူဆကြသည်။ ထိုဥဩငှက်များ သည် အခြားငှက်များမစားသော အမွှေးထူသည့်ခူများကို စားကြ သည်။
ဥဩငှက်မျိုးစိတ် အားလုံးသည် ကူကူလီဒီး မျိုးရင်း၌ ပါဝင်ကြလေသည်။ [၄]

ဥဩငှက်မျိုးစိတ် အားလုံးသည် ကူကူလီဒီး မျိုးရင်း၌ ပါဝင်ကြလေသည်။