ရေငုံးသည် ရယ်လီဒီး မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ပေါ်ဇာနာဖွတ်စက ဗေကာရီ ဟုခေါ် သည်။ ရေငုံးသည် လူမြင်မခံတတ်သော ငှက်မျိုး ဖြစ်၏။ယင်း၏ ကိုယ်ထည်အလျားသည် ခုနစ်လက်မခန့်ရှိသည်။ အပေါ်ပိုင်းသည် ညို၍ အောက်ပိုင်းမှာ နီသည်။ ရေငုံး၏ ခြေထောက်များမှာ နီမြန်းနေ၍ ပျံသန်းစဉ်တွင် ထင်ရှားစွာ မြင်နိုင်သည်။ ပျံသန်းရာ၌ ဖြောင့်ဖြောင့်တန်းတန်း အလွန် လျှင်မြန်စွာ ပျံသန်းနိုင်သည်။ ရေငုံး၏ အသံမှာ သာယာ ညှင်းပျောင်း၏။ ဆိတ်ငြိမ်စွာနေတတ်၍ သားပေါက်ချိန်၌ပင် မဆူညံကြချေ။
ရေငုံးသည် တစ်နေ့ပတ်လုံး ကိုင်းတောထဲတွင် နေပြီးလျှင် နံနက်နှင့် ညနေအချိန်၌သာ အပြင်ထွက်၍ လယ်ကွင်းများ၌ အစာရှာဖွေသည်။ အလွန် ပုံးလျှိုးကွယ်လျှိုး နေတတ်လေသည်။ မိုးရာသီတွင် သားပေါက်၍ အသိုက်ကို မြေပေါ်၌ မြက် ဖြင့် ပြုလုပ်သည်။ တစ်မြုံလျှင် ငါးဥမှ ရှစ်ဥအထိ ရှိသည်။ ဥအရောင်မှာ ဖြူ၍ အညိုကွက်များ ရှိသည်။ အရှေ့ပိုင်းနိုင်ငံများတွင် ရေငုံးကို အနှံ့အပြား တွေ့ရ သည်။ မြန်မာနိုင်ငံ ရာသီဥတု သင့်လျော်သောဒေသများ၌ တွေ့ရသည်။ ရေငုံးသည် မြန်မာနိုင်ငံ၌ အမြဲနေသည့်ငှက် သို့မဟုတ် နွေအခါမှ လာရောက်သောငှက် ဖြစ် သည်ကိုမူ အသေအချာ မသိရသေးပေ။[၂]
ရေငုံးသည် ရယ်လီဒီး မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအလိုအားဖြင့် ပေါ်ဇာနာဖွတ်စက ဗေကာရီ ဟုခေါ် သည်။ ရေငုံးသည် လူမြင်မခံတတ်သော ငှက်မျိုး ဖြစ်၏။ယင်း၏ ကိုယ်ထည်အလျားသည် ခုနစ်လက်မခန့်ရှိသည်။ အပေါ်ပိုင်းသည် ညို၍ အောက်ပိုင်းမှာ နီသည်။ ရေငုံး၏ ခြေထောက်များမှာ နီမြန်းနေ၍ ပျံသန်းစဉ်တွင် ထင်ရှားစွာ မြင်နိုင်သည်။ ပျံသန်းရာ၌ ဖြောင့်ဖြောင့်တန်းတန်း အလွန် လျှင်မြန်စွာ ပျံသန်းနိုင်သည်။ ရေငုံး၏ အသံမှာ သာယာ ညှင်းပျောင်း၏။ ဆိတ်ငြိမ်စွာနေတတ်၍ သားပေါက်ချိန်၌ပင် မဆူညံကြချေ။
ရေငုံးသည် တစ်နေ့ပတ်လုံး ကိုင်းတောထဲတွင် နေပြီးလျှင် နံနက်နှင့် ညနေအချိန်၌သာ အပြင်ထွက်၍ လယ်ကွင်းများ၌ အစာရှာဖွေသည်။ အလွန် ပုံးလျှိုးကွယ်လျှိုး နေတတ်လေသည်။ မိုးရာသီတွင် သားပေါက်၍ အသိုက်ကို မြေပေါ်၌ မြက် ဖြင့် ပြုလုပ်သည်။ တစ်မြုံလျှင် ငါးဥမှ ရှစ်ဥအထိ ရှိသည်။ ဥအရောင်မှာ ဖြူ၍ အညိုကွက်များ ရှိသည်။ အရှေ့ပိုင်းနိုင်ငံများတွင် ရေငုံးကို အနှံ့အပြား တွေ့ရ သည်။ မြန်မာနိုင်ငံ ရာသီဥတု သင့်လျော်သောဒေသများ၌ တွေ့ရသည်။ ရေငုံးသည် မြန်မာနိုင်ငံ၌ အမြဲနေသည့်ငှက် သို့မဟုတ် နွေအခါမှ လာရောက်သောငှက် ဖြစ် သည်ကိုမူ အသေအချာ မသိရသေးပေ။